Posts

Showing posts from October, 2024

တိုက်ပွဲသတင်း (လွှတ်ရှမ်း)

Image
အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းအချိန်က ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် တွင် နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းသည် လွှတ်ရှမ်းရွာ၏ အနောက်တောင်ဘက် မီတာ ၄၀၀၀ ခန့်အကွာတွင် အကြမ်းဖက် KNLA တမဟ(၆) အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ အရှေ့ဘက်သို့ ဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ - (၁) ပစ္စတို ၁ လက် (၂) ကျည်အိမ် ၃ ခု၊ ကျည် ၆၄ တောင့် (၃) လက်ပစ်ဗုံး ၂ လုံး (၄) ရှေ့ထွက်မိုင်း ၁ လုံး၊ ဝါယာကြိုး ၂၀ ကိုက် (၅) ကျည်ကာအင်္ကျီ ၂ ထည် တို့အား သိမ်းဆည်းရရှိခဲ့ပါတယ်။ တိုက်ပွဲသတင်းစုံ

တိုက်ပွဲသတင်း (တောင်ခမ်း)

Image
အောက်တိုဘာ ၂၉ ရက် နေ့က တောင်ခမ်းရွာအတွင်း နယ်မြေရှင်းလင်းစစ်ကြောင်းနှင့် အကြမ်းဖက် TNLA/PDF တို့ ထိတွေ့မှု ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်းသိရ။ ဖြစ်စဉ်တွင် မိမိဘက်ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ - (၁) TNLA အလောင်း ၁ လောင်း (၂) RPG လောင်ချာ ၁ လက် တို့အား သိမ်းဆည်းရရှိခဲ့ပါတယ်။ - (ပုံများ ထပ်မံဖော်ပြပေးပါမယ်) တိုက်ပွဲသတင်းစုံ

တိုက်ပွဲသတင်း (ဝိုင်းမော်)

Image
အောက်တိုဘာ ၂၉ ရက်နေ့ မနက်ပိုင်းက ဒေသခံများ၏ သတင်းပေးမှုအရ ဝိုင်းမော်မြို့၏ အရှေ့ဘက် မီတာ ၁၀၀၀၀ ခန့်အား နယ်မြေရှင်းလင်းစဉ် ထိတွေ့တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ - (၁) KIA အလောင်း ၁ လောင်း (၂) M-22 သေနတ် ၁ လက် (၃) ကျည်အိမ် ၄ ခု၊ ကျည် ၇၀ တောင့် (၄) လက်ပစ်ဗုံး ၂ လုံး တို့အား သိမ်းဆည်းရရှိခဲ့ပါတယ်။ - (ပုံများရရှိပါက ထပ်မံဖော်ပြပေးပါမယ်) တိုက်ပွဲသတင်းစုံ

နောင်ချို၊ ဂန့်ဂေါ်ရွာအနီးတွင် အလောင်း/လက်နက်များ ထပ်မံရရှိ

Image
အောက်တိုဘာ ၂၈ ရက် နေ့မှာ ဆုတ်ခွာထွက်ပြေးနေတဲ့ အကြမ်းဖက် TNLA များအား နယ်မြေရှင်းစစ်ကြောင်း များက လိုက်လံရှင်းလင်းစဉ် နောင်ချိုမြို့နယ်၊ ဂန့်ဂေါ်ရွာ၏ မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာတွင် ထိတွေ့မှု အနည်းငယ်ဖြစ်ပြီး ရန်သူ အနောက်မြောက်အရပ်သို့ ထွက်ပြေးသွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ - (၁) အကြမ်းဖက် TNLA အလောင်း ၄ လောင်း (၂) Type – 81/ M-22 သေနတ် ၂ လက် (၃) RPG ဒုံးသီး ၆ လုံး၊ ပို့ကျည် ၃ တောင့် (၄) လက်ပစ်ဗုံး ၂ လုံး၊ မိုင်းမျိုးစုံ ၉ လုံး (၅) အီနာဂါ ၆ လုံး၊ ကျည်အိမ်မျိုးစုံ ၁၈ ခု (၆) ကျည် ၁၀၀၀ ခန့် (၇) အိုင်ကွန် ၁ လုံး၊ မှန်ပြောင်း ၁ လက် (၈) ပြောက်ကျားယူနီဖောင်း ၉ စုံ၊ ကျည်ကာဦးထုပ် ၁ လုံး တို့အား သိမ်းဆည်းရရှိခဲ့ပါတယ်။ - နယ်မြေထပ်ရှင်းနေဆဲဖြစ်သဖြင့် အလောင်း/လက်နက် ရရှိပါက ထပ်မံဖော်ပြပေးပါမယ်။ တိုက်ပွဲသတင်းစုံ

တိုက်ပွဲသတင်း (မောင်တော)

Image
အောက်တိုဘာ ၂၈ ရက်နေ့ နေ့လည်ပိုင်း က မောင်တော နခခ(၅)ကို အကြမ်းဖက် AA အင်အား ၄၀ ဦးခန့်က အဝေးမှ လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်လို့ အမြောက်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရပြီး နယ်မြေအသေးစိတ်ရှင်း လင်းစဉ် မောင်တော်မြို့ လူ/ကယ်/ပြန်ရုံး ခြံစည်းရိုးအနီးမှ - (၁) အကြမ်းဖက် AA အလောင်း ၁ လောင်း (၂) စက်လတ် ၁ လက် (၃) ကျည် ၄၁ တောင့်ပါ ကျည်ခါးပတ်တွဲ ၁ ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။ - (ပုံများရရှိပါက ထပ်မံဖော်ပြပေးပါမယ်) တိုက်ပွဲသတင်းစုံ

တိုက်ပွဲသတင်း (မိုးမောက်)

Image
အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းမှာ မိုးမောက်မြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသော စစ်ကြောင်းသည် အကြမ်းဖက် KIA/PDF အင်အား ၃၆၀ ခန့် တပ်စွဲထားတဲ့ ပီမိုးညှင်းစာသင်ကျောင်းအား လေကြောင်းပစ်ကူယူ၍ တိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းအား သိမ်းပိုက်ရရှိခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ - (၁) အကြမ်းဖက် KIA/PDF အလောင်း ၃ လောင်း (၂) M-22 သေနတ် ၃ လက် (၃) ကျည်အိမ် ၆ ခု၊ ကျည် ၁၀၀ ခန့် (၄) လက်ပစ်ဗုံး ၇ လုံး တို့အား သိမ်းဆည်းရရှိခဲ့ပါတယ်။ - အကြမ်းဖက် KIA အနေနဲ့ စာသင်ကျောင်းကို စစ်စခန်းချတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုမြောက်ပြီး အဆိုပါ ဖြစ်စဉ်အား မှတ်တမ်းထား သိမ်းဆည်းထားပါမည်။ (ပုံများရရှိပါက ဖော်ပြပေးပါမည်) တိုက်ပွဲသတင်းစုံ

တိုက်ပွဲသတင်း (ကော့ကရိတ်)

Image
အောက်တိုဘာ ၂၇ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အပြင်ကွင်းကလေးရွာအနီးတွင် အကြမ်းဖက် KNLA တမဟ(၆) အဖွဲ့များရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ရှင်းလင်းရာ အပြင်ကွင်းကလေးရွာ၏  အနောက်တောင်ဘက် မီတာ ၅၀၀၀ ခန့်အကွာတွင် အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၃ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ - (၁) အကြမ်းဖက် KNLA အလောင်း ၂ လောင်း (၂) M-16 သေနတ် ၁ လက် (၃) ကျည်အိမ် ၃ ခု၊ ကျည် ၅၀ တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။ (ပုံများရရှိပါက ထပ်မံဖော်ပြပါမည်) တိုက်ပွဲသတင်းစုံ

တိုက်ပွဲသတင်း (တောင်ခမ်း)

Image
အောက်တိုဘာ ၂၇ ရက် တောင်ခမ်းဒေသတွင် အကြမ်းဖက် TNLA များ ရောက်ရှိနေသော ကျောက်တောင်ကုန်းအား သတင်းအရ သွားရောက်ရှင်းလင်းရာ ထိတွေ့တိုက်ပွဲ ၃ ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး ကျောက်တောင်ကုန်းမှ အကြမ်းဖက် TNLA များအား မောင်းထုတ်နိုင်ခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၂ ဦး ထိခိုက် ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ - (၁) အကြမ်းဖက် TNLA အလောင်း ၁ လောင်း (၂) Type-81 သေနတ် ၁ လက် (၃) ကျည်အိမ် ၂ ခု၊ ကျည် ၄၀ တောင့် (၄) ကျည်ကာအင်္ကျီ ၁ ထည်၊ ဦးထုပ် ၁ လုံး (၅) လူနေတဲ ၈ လုံး (၆) ပစ်ကျင်း ၁၉ ကျင်း တို့အား သိမ်းဆည်းရရှိခဲ့ပါတယ်။ (ပုံများအား ထပ်မံဖော်ပြပေးပါမည်) တိုက်ပွဲသတင်းစုံ

တိုက်ပွဲသတင်း (ကြို့ပင်ကောက်)

Image
အောက်တိုဘာ ၂၆ ရက်၊ နေ့လည်ပိုင်းအချိန်က ကြို့ပင်ကောက်မြို့နယ်အတွင်း နယ်မြေရှင်းလင်းနေတဲ့ စစ်ကြောင်းသည် ကြို့ပင်ကောက်မြို့၏ ၁၁ မိုင်အကွာရှိ အေးရွာလေးကျေးရွာအနီးတွင် အကြမ်းဖက် ၁၅ ဦးနှင့် ထိတွေ့မှုအနည်းငယ်ဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် ရန်သူ့ထံမှ - (၁) အကြမ်းဖက် PDF အလောင်း ၃ လောင်း (၂) ၁၂ ဘိုးလ် သေနတ် ၁ လက် (၃) မိုင်း ၄ လုံး (၄) ဆိုင်ကယ် ၂ စီး တို့အား သိမ်းဆည်းရရှိခဲ့ပါတယ်။ တိုက်ပွဲသတင်းစုံ

တိုက်ပွဲသတင်း (မတ္တရာ)

Image
အောက်တိုဘာ ၂၆ ရက် မနက် ၁၀ နာရီချိန်ခန့်တွင် မတ္တရာမြို့နယ်အတွင်း နယ်မြေရှင်းစစ်ကြောင်းသည် မတ္တရာမြို့၏ အနောက်မြောက်ဘက် မီတာ ၆၀၀၀ ခန့်အကွာတွင် အကြမ်းဖက် PDF အင်အား ၉၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ အနောက်အရပ်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ - (၁) ကျည်မျိုးစုံ ၂၀၀ တောင့် (၂) တိုက်မိုင်း ၁၅ လုံး (၃) ဆွဲမိုင်း ၅ လုံး (၄) Remote ခလုတ် ၁၀ ခု၊ ဝါယာကြိုး ၂ ခွေ (၅) ပစ်ကျင်း ၂၄ ကျင်း (၆) ဆသရမြောင်း ၁၀၀ ပေခန့် (၇) ဖောက်ခွဲရေးပစ္စည်းမျိုးစုံ တို့အား သိမ်းဆည်းရရှိခဲ့ပါတယ်။ တိုက်ပွဲသတင်းစုံ

တိုက်ပွဲသတင်း (ထီးလင်း)

Image
အောက်တိုဘာလ ၂၆ ရက် နံနက် ၄ နာရီခန့်က ထီးလင်းမြို့နယ်တွင် ကျားခဲကျေးရွာတွင် ခိုးအောင်း ရောက်ရှိနေသည့် အကြမ်းဖက် PDF များအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းတိုက်ခိုက်ခဲ့ရာ (၁) အကြမ်းဖက် PDF ၅ လောင်း (၂) လုပ်သေနတ် ၃ လက် (၃) လက်ပစ်ဗုံး ၁ လုံး (၄) အိုင်ကွန် ၁ ခု တို့အား သိမ်းဆည်းရမိကြောင်း သိရသည်။ (ပုံများကို ထပ်မံဖော်ပြပေးပါမည်) တိုက်ပွဲသတင်းစုံ

တိုက်ပွဲသတင်း (ထန်တလန်)

Image
အောက်တိုဘာ ၂၆ ရက် နေ့လည်ပိုင်းက ထန်တလန်မြို့တွင် နယ်မြေရှင်းလင်းနေတဲ့စစ်ကြောင်းနှင့် အကြမ်းဖက် PDF ၁၅ ဦးတို့ ထိတွေ့မှုအနည်းငယ်ဖြစ်ပွားပြီး ရန်သူ မြောက်အရပ်သို့ ဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက်မှ စစ်သည် ၁ ဦး မစိုးရိမ်ရ ထိခိုက်မှုရှိပြီး ရန်သူ့ထံမှ - (၁) အကြမ်းဖက် PDF အလောင်း ၁ လောင်း (၂) M-4 သေနတ် ၁ လက် (၃) ကျည်အိမ် ၃ ခု၊ ကျည် ၂၀၀ တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။ (ပုံများ ရရှိပါက ထပ်မံဖော်ပြပါမည်) တိုက်ပွဲသတင်းစုံ

စစ်တွေသတင်း

Image
အောက်တိုဘာ ၂၆ ရက်နေ့ နေ့လည်ပိုင်းက စစ်တွေမြို့၏ အရှေ့မြောက်ဘက် မီတာ ၁၀၀၀၀ ခန့်အကွာရှိ မီးလောင်ရွာ၊ ဝါးပိုးရွာတို့ရှိ ဆိုင်ကလုန်းရှယ်တာများတွင် စခန်းချနေတဲ့ အကြမ်းဖက် AA သူပုန်များအား ကင်းထောက် Drone များဖြင့် အချိန်ပြည့်စောင့်ကြည့်ပြီး Drop Bomb ချ တိုက်ခိုက်ခဲ့မှုကြောင့် ရန်သူထိခိုက်မှုရှိပြီး ထွက်ပြေးသွားခဲ့ကြောင်း သိရပါတယ်။ - Drone နဲ့ သေချာကင်းထောက်ပြီးမှ ကြဲတာတာနော် .. “ပီတူ .. ပီတူ” လို့ မအော်ကြေး။ (Drone မှတ်တမ်းအား ထပ်မံတင်ပြပေးပါမည်) တိုက်ပွဲသတင်းစုံ

ကြို့ပင်ကောက်သတင်း

Image
အောက်တိုဘာ ၂၅ ရက် နေ့လည်ပိုင်းအချိန်က ဒေသခံများ၏ သတင်းပေးမှုအရ ကြို့ပင်ကောက်မြို့၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာတွင် နယ်မြေရှင်းစစ်ကြောင်းနှင့် ထိတွေ့မှု အနည်းငယ်ဖြစ်ပွားခဲ့။ မသင်္ကာဖွယ် တဲ ၁ လုံးအတွင်းမှ - (၁) လက်လုပ်မိုင်း ၅ လုံး (၂) ပြောက်ကျား ယူနီဖောင်း ၁ စုံ တို့အား သိမ်းဆည်းရရှိခဲ့ပါတယ်။ တိုက်ပွဲသတင်းစုံ

တိုက်ပွဲသတင်း (ထန်တလန်)

Image
အောက်တိုဘာ ၂၅ ရက်နေ့ ညနေပိုင်းအချိန်က နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းသည် ထန်တလန်မြို့၏ တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ အကြမ်းဖက် PDF စခန်းကုန်း ၁ ခုအား တွေ့ရှိသိမ်းပိုက်ခဲ့။ ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုမရှိဘဲ ရန်သူ့စခန်းကုန်းမှ - (၁) အကြမ်းဖက် PDF အလောင်း ၁ လောင်း (၂) Type-81 သေနတ် ၁ လက် (၃) ကျည်အိမ် ၁ ခု၊ ကျည် ၃၀ တောင့်၊ ကျည်ကာ ၁ ထည် (၄) ပစ်ကျင်း ၁၇ ကျင်း (၅) သဲအိတ်ဘန်ကာ ၂ လုံး (၆) တဲ ၅ လုံး (၇) ဆက်သွယ်ရေးမြောင်း ၂၅၀ ပေခန့် သိမ်းဆည်းရရှိခဲ့ပါတယ်။ တိုက်ပွဲသတင်းစုံ

တိုက်ပွဲသတင်း (အမ်း)

Image
အောက်တိုဘာ ၂၅ ရက်၊ မနက်ပိုင်းအချိန်က အမ်းမြို့နယ်တွင် နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကြောင်းသည် အမ်းမြို့၏ အနောက်တောင်ဘက် မီတာ ၆၀၀၀ ခန့်အကွာတွင် အကြမ်းဖက် AA တို့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရန်သူဆုတ်ခွာသွားခဲ့။ မိမိစစ်သည် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဖြစ်စဉ်နေရာအား အသေးစိတ်ရှင်း လင်းရာ ရန်သူ့ထံမှ - (၁) အကြမ်းဖက် AA အလောင်း ၁ လောင်း (၂) သေနတ်မျိုးစုံ ၅ လက် - MA-1 သေနတ် ၂ လက် - M-22 သေနတ် ၁ လက် - AK-47 သေနတ် ၁ လက် - စက်လတ် ၁ လက် တို့အား သိမ်းဆည်းရရှိခဲ့ပါတယ်။ (ပုံများအား ထပ်မံဖော်ပြပါမည်) တိုက်ပွဲသတင်းစုံ

တိုက်ပွဲသတင်း (မြင်းခြံ)

Image
အောက်တိုဘာ ၂၄ ရက်၊ မနက်ပိုင်းက မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ထိန်ပင်ရွာအနီးတွင် အကြမ်းဖက်များ ခိုအောင်းနေကြောင်း ဒေသခံများရဲ့ အတိအကျသတင်းပေးမှုကြောင့် တပ်/ ပသစပူးပေါင်း လုံခြုံရေးအဖွဲ့က သွားရောက်ရှင်းလင်းရာ အကြမ်းဖက် ၅၀ ဦးနှင့် ထိတွေ့မှုအနည်းငယ်ဖြစ်ပွားပြီး ရန်သူဆုတ်ခွာထွက်ပြေး သွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက်ထိခိုက်မှုမရှိဘဲ ရန်သူ့စခန်းနေရာမှ - (၁) လုပ်သေနတ် ၅ လက် (၂) လူနေတဲ ၁၁ လုံး (၃) စားသောက်ကုန်များ (ဆန်/ ဆီအပါ) တို့အား သိမ်းဆည်းရရှိခဲ့ပါတယ်။ - ပြည်သူ့လုံခြုံရေးစနစ် စတင်အသက်သွင်းခြင်းရဲ့ ရလဒ်ဖြစ်ပါတယ်။ ပြည်သူများအနေနဲ့ အကြမ်းဖက်သူများရဲ့ လှုပ်ရှားမှုသတင်းများကို လျှို့ဝှက်စွာပေးခြင်းဖြင့် မိမိရပ်ရွာ အေးချမ်းဖို့ ပူးပေါင်းဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုပါတယ်။ တိုက်ပွဲသတင်းစုံ

တိုက်ပွဲသတင်း (ပုလော)

Image
အောက်တိုဘာ ၂၄ ရက် မနက်ပိုင်းချိန်က ပုလောမြို့နယ်၊ မိန်းမမြို့ရွာဝန်းကျင်တွင် အကြမ်းဖက်အဖွဲ့များ ခိုအောင်းလှုပ်ရှားနေကြောင်း ဒေသခံများရဲ့ သတင်းပေးမှုအရ သွားရောက်ရှင်းလင်းရာ အကြမ်းဖက် PDF ၁၅ ဦး ခန့်နှင့် ထိတွေ့မှုအနည်းငယ်ဖြစ်ပွားပြီး ရန်သူမြောက်အရပ်သို့ ဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ - (၁) အကြမ်းဖက် PDF အလောင်း ၁ လောင်း (၂) လုပ်သေနတ် ၁ လက် (၃) ကိုးလုံးကျည် ၂ တောင့် တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။ တိုက်ပွဲသတင်းစုံ

တိုက်ပွဲသတင်း (မတ္တရာ)

Image
အောက်တိုဘာ ၂၃ ရက် နေ့လည်ပိုင်းအချိန်က မတ္တရာမြို့နယ်တွင် နယ်မြေရှင်းလင်းနေတဲ့ တပ်/ရဲ/ပသစ ပူးပေါင်း လုံခြုံရေးအဖွဲ့သည် မတ္တရာမြို့အနောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာတွင် အကြမ်းဖက် PDF ၂၀ ဦးခန့်နှင့် ထိတွေ့မှု ၂ ကြိမ်ဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက် ၂ ဦးဒဏ်ရာရရှိပြီး ရန်သူ့ထံမှ - (၁) အကြမ်းဖက် PDF ၂ လောင်း (၂) MA-1 သေနတ် ၂ လက် (၃) လက်ပစ်ဗုံး ၂ လုံး (၄) အိုင်ကွန် ၁ လုံး၊ ကျည်အိမ် ၅ ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။ (တိုက်ပွဲသတင်းစုံ)

KIA ထဲမှ PDF ၂ ဦး အလင်းဝင်

Image
အောက်တိုဘာ ၂၄ ရက် ညနေပိုင်းအချိန်က မြစ်ကြီးနားမြို့နယ်ရှိ တပ်မတော်စစ်ကြောင်းတစ်ခုထံသို့ PDF ၂ ဦး လက်နက်ဖြင့် လာရောက်ခိုလှုံအလင်းဝင်ခဲ့ကြောင်း သိရှိရပါတယ် - (၁) အလင်းဝင် PDF ၂ ဦး (၂) KA သေနတ် ၂ လက် (၃) ကျည်အိမ် ၄ ခု၊ ကျည် ၁၀၀ တောင့် - ၎င်းတို့ပြောကြားချက်အရ KIA အဖွဲ့အတွင်းတွင် ဗမာ PDF များအား လူမျိုးရေးအရ ဖိနှိပ်ဆက်ဆံပြီး စားနပ် ရိက္ခာ အနည်းငယ်သာပေးခြင်း၊ ရွာများတွင် ဆက်ကြေးကောက်၍ ထမင်းထုပ်များ အမြဲတမ်းတောင်းစား နေရမှုကြောင့် ဒေသခံများမှ မုန်းတီးလာခြင်းတို့ကြောင့် အလင်းဝင်ရောက်လာခြင်း ဖြစ်ပါတယ်။ - အလင်းဝင်ဖို့ ကြိုးစားနေတာ ၁ လခန့်ရှိပြီဟု သိရပြီး အခွင့်အရေးရချိန်မှာ စစ်ကြောင်းနဲ့ ချိတ်ဆက်ပူးပေါင်း ခဲ့တာဖြစ်ပါတယ်။ ၎င်းတို့ ၂ ဦး အခြေအနေကို စောင့်ကြည့်နေပြီး ထပ်မံ အလင်းဝင်ရောက်မယ့်သူများလည်း ရှိသေးကြောင်း သိရှိရပါတယ်။ - အလင်းဝင်သူ ၂ ဦးနဲ့ ချိတ်ဆက်၍ ထပ်မံဝင်ရောက်လာမည့်သူများ၏ လုံခြုံရေးကြောင့် ပုံမဖော်ပြလိုပါ။ အညာဒေသဘက်က PDF တွေလည်း အကြမ်းဖက်လုပ်ရပ်များ လုပ်နေမယ့်အစား ယခုလို အလင်းဝင်သင့်ပါ ကြောင်း ဖော်ပြလိုက်ပါတယ်။ (တိုက်ပွဲသတင်းစုံ)

တိုက်ပွဲသတင်း (နောင်ချို၊ ဂန့်ဂေါ)

Image
အောက်တိုဘာ ၂၄ ရက်၊ နေ့လည်အချိန်က နောင်ချိုဒေသဘက်တွင် နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ တပ်မတော်စစ်ကြောင်းနဲ့ အကြမ်းဖက် TNLA အင်အား ၆၀ ဦးတို့ ထိတွေ့တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့။ တိုက်ပွဲ ဖြစ်ပွားပြီး နာရီဝက်ခန့်အကြာတွင် အကြမ်းဖက် TNLA အဖွဲ့ဟာ ၎င်းတို့၏ သေဆုံးအလောင်းများမှ သေနတ်များ ဆွဲယူပြီး ထွက်ပြေးသွားခဲ့ပါတယ်။ ဖြစ်စဉ်တွင် မိမိဘက်ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ - (၁) အကြမ်းဖက် TNLA အလောင်း ၆ လောင်း (၂) RPG ဒုံးသီး ၄ လုံး (၃) လက်ပစ်ဗုံး ၂ လုံး (၄) ကျည်အိမ်မျိုးစုံ ၇ ခု (၅) ကျည်ဆန်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။ (တိုက်ပွဲသတင်းစုံ)

တိုက်ပွဲသတင်း (တမူး)

Image
ပြည်သူ့လုံခြုံရေးစနစ်ကို အကောင်အထည်ဖော်ရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဒေသခံပြည်သူများ၊ ပြည်သူ့စစ်တပ်ဖွဲ့များနဲ့ ပူးပေါင်းပြီး အကြမ်းဖက် PDF တွေ၊ သူပုန်တွေကို မြို့ရွာအနီးတဝိုက်မှာ ပုန်းခိုလို့မရအောင် ရှင်းလင်းတိုက်ခိုက်လျက်ရှိပါတယ်။ - အောက်တိုဘာ ၂၃ ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ နန့်မွတ်တားရွာနားမှာ အကြမ်းဖက်တွေရောက်ရှိ ခိုအောင်းနေကြောင်း ဒေသခံရွာသားများသတင်းပေးမှုကြောင့် တပ်/ပသစ ပူးပေါင်းလုံခြုံရေး စစ်ကြောင်းဖြင့် သွားရောက်ရှင်းလင်းရာ နန့်မွတ်တားရွာ၏ အရှေ့ဘက် မီတာ ၅၀၀ ခန့်အကွာတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူတောင်အရပ်သို့ ဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက်ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ - (၁) အကြမ်းဖက် အလောင်း ၄ လောင်း (၂) သေနတ်မျိုးစုံ ၄ လက် - MA-1 သေနတ် ၁ လက် - M-79 လောင်ချာ ၁ လက် - Type-81 သေနတ် ၂ လက် (၃) ကျည်အိမ် ၃ ခု၊ ကျည် ၅၀ တောင့်ကျော် တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။ - အလားတူ အဆိုပါ နန့်မွတ်တားရွာအား နယ်မြေအသေးစိတ်ထပ်မံရှင်းလင်းစဉ် အကြမ်းဖက် ၂၀ ဦးခန့်နဲ့ ထိတွေ့မှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက်ထိခိုက်မှုမရှိဘဲ...

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများတွင် AA အဖွဲ့ ထိခိုက်ကျဆုံးမှု များပြားလျက်ရှိ အပိုင်း(၂)

Image
AA အဖွဲ့က ဘူးသီးတောင်၊ မောင်တောနယ်မြေတစ်ခုလုံးကို ထိန်းချုပ်ဖို့ အင်အားအလုံးအရင်းနဲ့ မောင်တောက နခခ(၅) ဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်လာမှုအပေါ် မိုင်းကွင်းများ၊ ခံစစ်ပစ်မှတ် မှတ်ပုံတင်များ၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် AA အဖွဲ့ အကျအဆုံးများပြားပြီး အလောင်းများ ပြန်လည်သယ်ဆောင်ကာ ဆုတ်ခွာသွားပါတယ်။ - တိုက်ပွဲများပြီးဆုံးလို့ ခံစစ်ပြန်လည်ပြင်ဆင်ချိန်မှာ ခြံစည်းရိုးနဲ့ မိုင်းကွင်းများမှာ ပြန်မသယ်နိုင်တဲ့ အလောင်း/ လက်နက်အများအပြား သိမ်းဆည်းရရှိ ခဲ့ပါတယ်။ - အဲ့ဒီတိုက်ပွဲမှာ ရန်သူအလောင်း ၆၈ လောင်း၊ လက်နက် ၅၉ လက် လက်ဝယ်ရရှိခဲ့ပြီး ကြားဖြတ် သတင်းများအရ AA တပ်ဖွဲ့မှ ၁၆၃ ယောက်သေဆုံး ၁၁၇ ယောက် ဒဏ်ရာရရှိပြီး ဗျူဟာမှူးအဆင့် ရှိသူ လင်းယုန် ကျဆုံးကြောင်း သိရှိရပါတယ်။ - ယခုဖော်ပြခဲ့တဲ့ AA သေဆုံးဒဏ်ရာရရှိစာရင်းဟာ အလောင်း၊ လက်နက်ရရှိခဲ့တဲ့ အရေအတွက်ဖြစ်ပြီး AA တပ်ဖွဲ့ ဝင်အချင်းချင်း လူမှုကွန်ရက်ပေါ်မှာ RIP လုပ်တဲ့အရေအတွက်နဲ့ မြေပြင်အမာခံ သတင်းပေးများရဲ့ သတင်းများကို ထည့်သွင်းဖော်ပြထားခြင်းမရှိပါဘူး။ - ကံ့ကော်တစ်ထောင်နဲ့ နခခ (၅) တိုက်ပွဲကြီးများအပါအဝင် အခြားရခိုင်ပြည်နယ် မြို့ရွာများမှာဖြစ်တဲ့ တိုက်ပွ...

မိုင်းထောင်သူအား ပစ်ခတ်ဖမ်းဆီး (ငါန်းဇွန်)

Image
အောက်တိုဘာ ၂၂ ရက် မနက်ပိုင်းအချိန်က မန္တလေးတိုင်း၊ ငါန်းဇွန်မြို့၊ သရက်ချိုပင်ရွာအနီး နယ်မြေရှင်းလင်းနေတဲ့ လုံခြုံရေးအဖွဲ့သည် မိုင်းထောင်နေသည့် အကြမ်းဖက်အဖွဲ့အား ပစ်ခတ်တိုက်ခိုက်လို့ ရန်သူ မြောက်အရပ်သို့ ထွက်ပြေးသွားခဲ့။ ဖြစ်စဉ်တွင် ရန်သူ့ထံမှ - (၁) အကြမ်းဖက် PDF အလောင်း ၁ လောင်း (၂) လက်လုပ်စိန်ပြောင်း ၂ လက် (၃) လက်ပစ်ဗုံး ၁ လုံး (၄) မိုင်း ၁၄ လုံး (၅) ဝါယာကြိုး ၁ ခွေ တို့အား တူးဖော်သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ (တိုက်ပွဲသတင်းစုံ)

တိုက်ပွဲသတင်း (တောင်သာ)

Image
အောက်တိုဘာ ၂၂ ရက် နေ့လည်အချိန်က မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ကျောဇီရွာအနီး ညောင်ဦး-မြင်းခြံကားလမ်းပေါ်တွင် ပိတ်ဆို့ရှာဖွေရေးလုပ်နေတဲ့ ရဲတပ်ဖွဲ့ဝင်များအား အကြမ်းဖက် PDF ၁၀ ဦးက လာရောက် ပစ်ခတ်လို့ အပြန်အလှန်ဖြစ်ပွားခဲ့ပြီး ရန်သူ အရှေ့မြောက်အရပ်သို့ ထွက်ပြေးသွားခဲ့။ ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်အချို့ မစိုးရိမ်ရဒဏ်ရာရရှိပြီး ရန်သူ့ထံမှ - (၁) အကြမ်းဖက် PDF အလောင်း ၁ လောင်း (၂) ကျည်အိမ် ၂ ခု၊ ကျည် ၈၀ တောင့် (၃) ဆိုက်ကယ် ၁ စီး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။ (တိုက်ပွဲသတင်းစုံ)

တိုက်ပွဲသတင်း (ကနီ)

Image
အောက်တိုဘာ ၂၂ ရက် မနက် ၈ နာရီချိန်ခန့်က စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ကွမ်းပင်ရေစခန်း၏ အနောက်မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာတွင် ပတ်လည်နယ်မြေရှင်းလင်းနေသော စစ်ကြောင်းနှင့် အကြမ်းဖက် PDF ၆၀ ဦးတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ ရန်သူသည် မြောက်အရပ်သို့ ဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက်ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ - (၁) ကျည်အိမ် ၅ ခု၊ ကျည် ၂၀၀ တောင့်ကျော် (၂) ကျည်ကာအင်္ကျီ ၂ ထည် (၃) ကျည်ကာဦးထုပ် ၁ လုံး (၄) မီးစက် ၁ လုံး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။ (တိုက်ပွဲသတင်းစုံ)

တိုက်ပွဲသတင်း (ထန်တလန်)

Image
အောက်တိုဘာ ၂၂ ရက်နေ့ မနက်ပိုင်းက ထန်တလန်မြို့တွင် စစ်ကြောင်းထိုး၍ နယ်မြေရှင်းလင်းနေသော လုံခြုံရေးအဖွဲ့များနှင့် အကြမ်းဖက် CDF အင်အား ၆၀ ဦးခန့်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက် စစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ - (၁) CDF အလောင်း ၃ လောင်း (၂) သေနတ် ၂ လက် - M-22 သေနတ် ၁ လက် - KA သေနတ် ၁ လက် (၃) ကျည်အိမ် ၃ ခု၊ ကျည် ၁၀၀ ခန့် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။ (တိုက်ပွဲသတင်းစုံ)

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများတွင် AA အဖွဲ့ ထိခိုက်ကျဆုံးမှု များပြားလျက်ရှိ အပိုင်း(၁)

Image
အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြီးများမှာ AA အဖွဲ့ ထိခိုက်ကျဆုံးမှု များပြားနေလို့ လူသစ်အဓမ္မ စုဆောင်းမှုများ ပြုလုပ်လျက်ရှိနေပါတယ်။ - ယခင်က AA အဖွဲ့ထဲကို ရခိုင်လူငယ်များကိုသာ တပ်သားသစ်စုဆောင်းခဲ့ပေမယ့် ယခုအခါမှာ ရခိုင်လူငယ်များ ထိခိုက်ကျဆုံးများပြီး လူသစ်ဝင်ရောက်သူ နည်းပါးလာလို့ အရပ်သားခရီးသွားယာဉ်များကို တားဆီးပြီး လူမျိုးပေါင်းစုံကို အဓမ္မလူသစ် စုဆောင်းလျက်ရှိပါတယ်။ အထူးသဖြင့် ပလက်ဝဒေသ ချင်းလူမျိုးများကို တပ်သားစုဆောင်းနေပါတယ်။ - ယခုလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများအနက် အောက်တိုဘာလ ၂ ရက်နေ့က တောင်ကုတ်မြို့နယ် ခေါင်းလောင်းတူကျေးရွာအနီး ယာယီစစ်သင်တန်းကျောင်းနေရာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ AA တပ်ဖွဲ့ဝင် ၄၂ ဦး သေဆုံးပြီး ၃၀ ဦးခန့် ဒဏ်ရာရရှိခဲ့ပါတယ်။ - အောက်တိုဘာလအတွင်း AA အမာခံ ၁၈ ဦး ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့ကို စစ်ကြောဖော်ထုတ်ချက်အရ သိရှိရတဲ့ AA တပ်ဖွဲ့အခြေပြုနေရာများကို လေကြောင်းကင်းထောက်နဲ့ အတည်ပြုပြီး MIG-29 လေယာဉ်များဖြင့် AA သင်တန်းကျောင်းနေရာများကို အလစ်အငိုက်တိုက်ခိုက်မှုကြောင့် ယခုလအတွင်း AA တပ်ဖွဲ့များ ထိခိုက်ကျဆုံး များပြားရခြင်းဖြစ်ပါတယ်။ - ဒါ...

အောက်တိုဘာ ၁ မှ ၂၀ ရက်အထိသာ

Image
နပခ၊ ရခိုင်ပြည်နယ်တွင် AA ၇၅၀ ကျော် စာရင်းဖော်ပြထားသော်လည်း မြေပြင်သတင်းနှင့် ကြားဖြတ် သတင်းများအရ ယခုထက် ပိုမိုသေဆုံးကြောင်း သိရှိရပါတယ်။ - AA တပ်ဖွဲ့အခြေပြုနေရာများနှင့် အင်အားအလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်သည့် နေရာများကို ရုရှား နိုင်ငံထုတ် UAV များနှင့် ကင်းထောက်ပြီး လေကြောင်းတိုက်ခိုက်မှု ထိရောက်စွာ ပစ်ခတ်နိုင်ခဲ့သဖြင့် ယခုကဲ့သို့ သေဆုံးမှု များပြားခဲ့ခြင်းဖြစ်ပါတယ်။ - အလောင်းကောက်အဖွဲ့ဖြင့် အလောင်းများ ပြန်လည်ဆွဲယူသွားခဲ့သည့် ဖြစ်စဉ်များရှိသလို အလောင်းများ၊ လက်နက်များ ကျန်ခဲ့သည့်ဖြစ်စဉ်များ အများအပြားရှိကြောင်း ဓာတ်ပုံမှတ်တမ်း အထောက်အထားများဖြင့် ဖော်ပြထားရှိပါတယ်။ - (တိုက်ပွဲသတင်းစုံ)

တိုက်ပွဲသတင်း (တောင်ခမ်း)

Image
အောက်တိုဘာ ၂၁ ရက်နေ့ တွင် နယ်မြေရှင်းလင်းနေတဲ့ တပ်မတော်စစ်ကြောင်းတစ်ခုက အကြမ်းဖက် TNLA/PDF များ တပ်စွဲ ထားတဲ့ တောင်ခမ်းရွာမကြီးအား ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး - (၁) .5 သေနတ်ကြီး ၁ လက် (၂) ကျည် ၈၀၀ ခန့် (၃) 4 wheel ယာဉ် ၁ စီး (၄) ပစ်ကျင်း ၁၅ ကျင်း တို့အား သိမ်းဆည်းရမိ။ - အလားတူ အဆိုပါနေ့တွင် အခြားနယ်မြေရှင်းစစ်ကြောင်းများမှလည်း ပစ်အားနဲ့ စစ်ကစားပြီး အကြမ်းဖက် TNLA/PDF များစခန်းချထားသော ဘုရားကုန်း၊ နတ်စင်ကုန်း၊ နတ်စင်ကြီးကုန်း တို့အား သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ - ယခုအချိန်တွင် နယ်မြေဆက်လက်ရှင်းလင်းနေဆဲဖြစ်ပြီး အလောင်း/လက်နက်ရရှိမှု နောက်ဆက်တွဲမှတ်တမ်း များအား ပုံနှင့်တကွ ထပ်မံဖော်ပြပေးပါမယ်။ - Congratulations ပါ မြန်မာ့တပ်မတော် (တိုက်ပွဲသတင်းစုံ)

တိုက်ပွဲသတင်း (ပုလော)

Image
အောက်တိုဘာ ၂၁ ရက် ည ၉ နာရီ ခန့်တွင် ပုလောမြို့နယ်၊ ပလရဲကင်းစခန်း၏ အရှေ့ဘက် မီတာ ၂၀၀၀ ခန့်အကွာတွင် သတင်းအရ စောင့်ဆိုင်းနေတဲ့ လုံခြုံရေးအဖွဲ့များသည် ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာသော အကြမ်းဖက်သမား ၅ ဦးနှင့် ပစ်ခတ်မှုဖြစ်ပွားရာ မိမိဘက်ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ - (၁) အကြမ်းဖက် အလောင်း ၁ လောင်း (၂) M-4 သေနတ် ၁ လက် (၃) ကျည်အိမ် ၁ ခု၊ ကျည် ၁၅ တောင့် တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။ (ပုံများရရှိပါက ထပ်မံဖော်ပြပေးပါမယ်) တိုက်ပွဲသတင်းစုံ

တိုက်ပွဲသတင်း (ကော့ကရိတ်)

Image
အောက်တိုဘာ ၂၁ ရက် မနက် ၉ နာရီချိန်ခန့် တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အတွင်းကွင်း ကလေးရွာ၏ အနောက်တောင်ဘက် မီတာ ၄၀၀၀ ခန့်အကွာရှိ KNLA(၆)၊ ရင်း(၂၇)၏ ယာယီခံစစ်ကုန်းနေရာ အား ဝင်ရောက်ရှင်းလင်းရာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက်ထိခိုက်မှုရှိဘဲ ရန်သူ့ထံမှ - (၁) မိုင်းမျိုးစုံ ၆ လုံး (၂) ပစ်ကျင်း ၂၅ ကျင်း တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။ (ပုံတွေရရှိပါက ထပ်မံဖော်ပြပေးပါမယ်) - အလားတူ အဆိုပါနေ့ရက် နေ့လည်ပိုင်း အချိန်တွင်လည်း အတွင်းကွင်းကလေးရွာ၏ အနောက်ဘက် မီတာ ၃၅၀၀ ခန့်အကွာတွင် နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက် KNLA (၆)၊ ရင်း (၂၇) အဖွဲ့ ၃၀ ဦးတို့နှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ - (၁) နင်းမိုင်း ၅ လုံး (၂) ပစ်ကျင်း ၂၀ ကျင်း (၃) တဲ ၁ လုံး (၄) ဆသရမြောင်း ၃၀ ပေ တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။ (ပုံရရှိပါက ထပ်မံဖော်ပြပေးပါမယ်) တိုက်ပွဲသတင်းစုံ

တိုက်ပွဲသတင်း (နမ့်လန်)

Image
အောက်တိုဘာ ၂၁ ရက် မနက်ပိုင်း အချိန်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်လန်၏မြောက်ဘက် မီတာ ၁၀၀၀ ခန့် အကွာတွင် နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက် MNDAA အင်အား ၁၆၀ ဦးတို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက်ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ - (၁) တိုက်မိုင်း ၄ လုံး (၂) ပစ်ကျင်း ၃၂ ကျင်း (၃) ဆသရမြောင်း ၂၃၀ မီတာ (၄) တဲ ၁၁ လုံး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။ တိုက်ပွဲသတင်းစုံ

အနာဂတ် Drone စစ်ဆင်ရေးအလားအလာ

Image
မြန်မာ့တပ်မတော်မှာ CH-3 drone အစင်း ၃၀ ၊ CH-4 drone အစင်း ၂၀၊ ရုရှားလုပ် Orlan -10 E အစင်း ၁၂၀ ရှိပြီး တိုက်ခိုက်ရေး ဒရုန်းတွေကို ရုရှားအကူအညီနဲ့ ထုတ်လုပ်နေတယ်လို့ စစ်ရေးအကဲခတ်တွေကပြောဆိုနေကြပါတယ်။ - အဲ့ဒီ drone တွေကို တောင်ခမ်း၊ ပန်ဝါ ၊အမ်း ၊စစ်တွေနဲ့ စစ်ကိုင်းတိုင်းထဲက PDF စိုးမိုးနယ်မြေတွေမှာ ထိထိရောက်အသုံးချစေချင်ပါတယ်။ - ဒါ့အပြင် ရခိုင်ဒေသကို ခိုးဝင်နေတဲ့ AA လက်နက်ခဲယမ်းသယ်ဆောင်တဲ့ လမ်းကြောင်းတွေကိုလည်း ကမ်းရိုးတန်းသုံး Camcopter S.100 နဲ့ဖြန့်ကျက်စိုးမိုးထားနိုင်မယ်ဆိုရင် ရခိုင်မှာ AA ကို ကောင်းကောင်းထိန်းချုပ်နိုင်မယ်လို့ သုံးသပ်ယူဆနေကြပါတယ်။ - ရှိပြီးသား UAV ၊ Drone တွေကို ထိရောက်အောင်မသုံးနိုင်တာလဲ? - မရှိရင် ရှိအောင်လုပ်ပြီးပေါပေါများများ မသုံးနိုင်တာလား? - သူပုန်က ထုနဲ့ထည်နဲ့သုံးနေတဲ့အချိန်မှာ အစိုးရတပ်မတော်ကတော့ လူ၊Drone အင်အားနည်းနည်းနဲ့ ကြဲကြဲဝိုင်းနေတဲ့ Drone teams တွေကိုပဲ အားပြုနေမလား? ဆိုတဲ့မေးခွန်းတွေကို မေးနေကြ အဖြေရှာနေကြပါတယ်။ အောင်ရှင်း #Orlan10E #drone