နောင်ချို၊ ဂန့်ဂေါ်ရွာအနီးတွင် အလောင်း/လက်နက်များ ထပ်မံရရှိ
အောက်တိုဘာ ၂၈ ရက်နေ့မှာ ဆုတ်ခွာထွက်ပြေးနေတဲ့ အကြမ်းဖက် TNLA များအား နယ်မြေရှင်းစစ်ကြောင်း များက လိုက်လံရှင်းလင်းစဉ် နောင်ချိုမြို့နယ်၊ ဂန့်ဂေါ်ရွာ၏ မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာတွင် ထိတွေ့မှု အနည်းငယ်ဖြစ်ပြီး ရန်သူ အနောက်မြောက်အရပ်သို့ ထွက်ပြေးသွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ -
(၁) အကြမ်းဖက် TNLA အလောင်း ၄ လောင်း
(၂) Type – 81/ M-22 သေနတ် ၂ လက်
(၃) RPG ဒုံးသီး ၆ လုံး၊ ပို့ကျည် ၃ တောင့်
(၄) လက်ပစ်ဗုံး ၂ လုံး၊ မိုင်းမျိုးစုံ ၉ လုံး
(၅) အီနာဂါ ၆ လုံး၊ ကျည်အိမ်မျိုးစုံ ၁၈ ခု
(၆) ကျည် ၁၀၀၀ ခန့်
(၇) အိုင်ကွန် ၁ လုံး၊ မှန်ပြောင်း ၁ လက်
(၈) ပြောက်ကျားယူနီဖောင်း ၉ စုံ၊ ကျည်ကာဦးထုပ် ၁ လုံး
တို့အား သိမ်းဆည်းရရှိခဲ့ပါတယ်။
-
နယ်မြေထပ်ရှင်းနေဆဲဖြစ်သဖြင့် အလောင်း/လက်နက် ရရှိပါက ထပ်မံဖော်ပြပေးပါမယ်။
တိုက်ပွဲသတင်းစုံ
Comments
Post a Comment