အောက်တိုဘာ ၂၁ ရက် ည ၉ နာရီခန့်တွင် ပုလောမြို့နယ်၊ ပလရဲကင်းစခန်း၏ အရှေ့ဘက် မီတာ ၂၀၀၀ ခန့်အကွာတွင် သတင်းအရ စောင့်ဆိုင်းနေတဲ့ လုံခြုံရေးအဖွဲ့များသည် ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာသော အကြမ်းဖက်သမား ၅ ဦးနှင့် ပစ်ခတ်မှုဖြစ်ပွားရာ မိမိဘက်ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ -
(၁) အကြမ်းဖက် အလောင်း ၁ လောင်း
(၂) M-4 သေနတ် ၁ လက်
(၃) ကျည်အိမ် ၁ ခု၊ ကျည် ၁၅ တောင့်
တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။ (ပုံများရရှိပါက ထပ်မံဖော်ပြပေးပါမယ်)
တိုက်ပွဲသတင်းစုံ
Comments
Post a Comment