တိုက်ပွဲသတင်း (တမူး)



ပြည်သူ့လုံခြုံရေးစနစ်ကို အကောင်အထည်ဖော်ရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဒေသခံပြည်သူများ၊ ပြည်သူ့စစ်တပ်ဖွဲ့များနဲ့ ပူးပေါင်းပြီး အကြမ်းဖက် PDF တွေ၊ သူပုန်တွေကို မြို့ရွာအနီးတဝိုက်မှာ ပုန်းခိုလို့မရအောင် ရှင်းလင်းတိုက်ခိုက်လျက်ရှိပါတယ်။

-

အောက်တိုဘာ ၂၃ ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ နန့်မွတ်တားရွာနားမှာ အကြမ်းဖက်တွေရောက်ရှိ ခိုအောင်းနေကြောင်း ဒေသခံရွာသားများသတင်းပေးမှုကြောင့် တပ်/ပသစ ပူးပေါင်းလုံခြုံရေး စစ်ကြောင်းဖြင့် သွားရောက်ရှင်းလင်းရာ နန့်မွတ်တားရွာ၏ အရှေ့ဘက် မီတာ ၅၀၀ ခန့်အကွာတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူတောင်အရပ်သို့ ဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက်ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ -

(၁) အကြမ်းဖက် အလောင်း ၄ လောင်း

(၂) သေနတ်မျိုးစုံ ၄ လက်

- MA-1 သေနတ် ၁ လက်

- M-79 လောင်ချာ ၁ လက်

- Type-81 သေနတ် ၂ လက်

(၃) ကျည်အိမ် ၃ ခု၊ ကျည် ၅၀ တောင့်ကျော်

တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။

-

အလားတူ အဆိုပါ နန့်မွတ်တားရွာအား နယ်မြေအသေးစိတ်ထပ်မံရှင်းလင်းစဉ် အကြမ်းဖက် ၂၀ ဦးခန့်နဲ့ ထိတွေ့မှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက်ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ -

(၁) အကြမ်းဖက် အလောင်း ၂ လောင်း

(၂) MA-1 သေနတ် ၂ လက်

(၃) ကျည်အိမ် ၂ ခု၊ ကျည် ၄၀ တောင့်

တို့အား ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။

-

ထို့ကြောင့် အောက်တိုဘာ ၂၃ ရက်(မနေ့)က တမူးအကြမ်းဖက်သမားများထံမှ အလောင်း ၆ လောင်း၊ သေနတ် ၆ လက် သိမ်းဆည်းရရှိခဲ့ပါတယ်။

-

လက်ရှိကျင့်သုံးလျက်ရှိတဲ့ ပြည်သူ့ကာကွယ်ရေးစနစ်တွင် ပြည်သူတွေ ပူးပေါင်းဆောင်ရွက်ပါက ယခုလို အောင်မြင်မှုများရရှိနိုင်မှာဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

(တိုက်ပွဲသတင်းစုံ)

Comments

Popular posts from this blog

တိုက်ပွဲသတင်း (တောင်ခမ်း)

တိုက်ပွဲသတင်း (နမ့်လန်)