မြန်မာသူပုန်ထံ လက်နက်ရောင်းနေတဲ့ TigerArms ကုမ္ပဏီ ဖမ်းဆီးခံရ


 

ပြီးခဲ့တဲ့ရက်ပိုင်းက နယ်စပ်ဖြတ်ကျော် လက်နက်မှောင်ခို သယ်ဆောင်နေတဲ့ "TigerArms"ကုမ္ပဏီကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။

-

လက်နက်တွေကို ချင်းမိုင်ခရိုင်၊ မဲ့တဲန်နယ်စပ်၊ မဲ့ဟောင်ဆောင်နယ်စပ်နဲ့ တာ့ခ်ခရိုင်၊ မဲဆောက် နယ်စပ်ကနေ မြန်မာနိုင်ငံကို သယ်ဆောင်ခဲ့ တာဖြစ်ပါတယ်လို့ ထိုင်းရဲ တပ်ဖွဲ့ကို ကိုးကားပြီး မန်နေဂျာအွန်လိုင်း ထိုင်းသတင်းဌာနက ရေးသားဖေါ်ပြ ထားပါတယ်။

-

TigerArms ကုမ္ပဏီကခေါင်းဆောင်တချို့နဲ့ ထိုင်းနိုင်ငံသားမစ္စတာချိုင်းဖုန်းကျစ်တကောန် ဆိုသူကိုလည်း ဖမ်းဆီးနိုင် ခဲ့ကြောင်းထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။ ဖမ်းဆီးထားတဲ့အထဲမှာ TigerArms ကုမ္ပဏီက ခေါင်းဆောင်တချို့ပါဝင်တယ် ဆိုပေမယ့် ဘယ်သူဘယ်ဝါဖြစ်တယ် ဘယ်နှစ်ဦးကိုဖမ်းဆီးထားတယ်ဆိုတာကို တော့ထုတ်ဖေါ် ပြောကြားခြင်းမရှိပါဘူး။

-

လက်နက်ငယ် M4A1 ကာဘိုင်အများအပြား နဲ့ 79 မမ. ဗုံးသီးထည့်ပစ်ရတဲ့ M203 ပြောင်းတွေအပါအဝင် အနောက်တိုင်း စစ်သုံးနားကြပ်များ၊ စစ်ဦးထုပ်၊ ကင်မရာ၊ အပူပိုင်းပုံရိပ်ဖော်ဒရုန်းနဲ့ ကျည်ဆံ ခဲယမ်းမီးကျောက်များလည်း သိမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကတာဝန်ရှိသူတွေပြောပါတယ်။ အရေအတွက်အတိအကျကိုတော့ထုတ်ဖေါ် ပြောကြားခြင်း မရှိပါဘူး။

-

မြန်မာနိုင်ငံကစစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေနဲ့ PDF နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ကို အများဆုံး ပေးပို့ခဲ့တာဖြစ်တယ်လို့  TigerArms ကုမ္ပဏီက အဖမ်းခံရတဲ့ သူတွေကပြောကြားကြောင်းနဲ့ ၂၀၂၀ ခုနှစ်ကစပြီး တရားမဝင်လက်နက် မှောင်ခိုတွေကို အကြိမ်များစွာ သယ်ယူခဲ့ပြီးဖြစ်ကြောင်း အဖမ်းခံရသူတွေက ဝန်ခံပြောကြားခဲ့ကြောင်း ကိုလည်း ရဲတပ်ဖွဲ့ကတာဝန်ရှိသူတွေက သတင်းထောက်တွေကိုထုတ်ဖေါ်ပြောကြားသွားပါတယ်။

-

အခုဖမ်းဆီးရမိတဲ့လက်နက်တွေဟာ အမေရိကန်က ထုတ်လုပ်တဲ့ လက်နက်တွေဖြစ်ကြောင်း ကိုလည်းထိုင်းရဲတပ်က ပြောကြားပါတယ်။

-

Tiger Arms ကဲ့သို့သော လက်နက်ကုမ္ပဏီများသည် အမေရိကန် CIA နှင့် အစ္စရေး၏ မော့ဆက်တို့က ထိန်းချုပ်ထားသော ရှုပ်ထွေးသောနောက်ခံရှိကြောင်း လျှို့ဝှက်အစီရင်ခံစာများက ဖော်ပြကြပြီး အဓိကအားဖြင့် နယ်စပ်ဖြတ်ကျော် လက်နက် ရောင်းဝယ်ဖောက်ကားမှုတွင် ပါဝင်ပတ်သက်နေကြောင်း သိရှိရတယ်လို့လည်း မန်နေဂျာအွန်လိုင်း ထိုင်းသတင်းဌာနက ရေးသားဖေါ်ပြထားပါတယ်။

(mgronline)

KT

Comments

Popular posts from this blog

တိုက်ပွဲသတင်း (တောင်ခမ်း)

တိုက်ပွဲသတင်း (တမူး)

တိုက်ပွဲသတင်း (နမ့်လန်)