Posts

မြန်မာသူပုန်ထံ လက်နက်ရောင်းနေတဲ့ TigerArms ကုမ္ပဏီ ဖမ်းဆီးခံရ

Image
  ပြီးခဲ့တဲ့ရက်ပိုင်းက နယ်စပ်ဖြတ်ကျော် လက်နက်မှောင်ခို သယ်ဆောင်နေတဲ့ " TigerArms" ကုမ္ပဏီကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ - လက်နက်တွေကို ချင်းမိုင်ခရိုင်၊ မဲ့တဲန်နယ်စပ်၊ မဲ့ဟောင်ဆောင်နယ်စပ်နဲ့ တာ့ခ်ခရိုင်၊ မဲဆောက် နယ်စပ်ကနေ မြန်မာနိုင်ငံကို သယ်ဆောင်ခဲ့ တာဖြစ်ပါတယ်လို့ ထိုင်းရဲ တပ်ဖွဲ့ကို ကိုးကားပြီး မန်နေဂျာအွန်လိုင်း ထိုင်းသတင်းဌာနက ရေးသားဖေါ်ပြ ထားပါတယ်။ - TigerArms ကုမ္ပဏီကခေါင်းဆောင်တချို့နဲ့ ထိုင်းနိုင်ငံသားမစ္စတာချိုင်းဖုန်းကျစ်တကောန် ဆိုသူကိုလည်း ဖမ်းဆီးနိုင် ခဲ့ကြောင်းထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။ ဖမ်းဆီးထားတဲ့အထဲမှာ TigerArms ကုမ္ပဏီက ခေါင်းဆောင်တချို့ပါဝင်တယ် ဆိုပေမယ့် ဘယ်သူဘယ်ဝါဖြစ်တယ် ဘယ်နှစ်ဦးကိုဖမ်းဆီးထားတယ်ဆိုတာကို တော့ထုတ်ဖေါ် ပြောကြားခြင်းမရှိပါဘူး။ - လက်နက်ငယ် M4A1 ကာဘိုင်အများအပြား နဲ့ 79 မမ. ဗုံးသီးထည့်ပစ်ရတဲ့ M203 ပြောင်းတွေအပါအဝင် အနောက်တိုင်း စစ်သုံးနားကြပ်များ၊ စစ်ဦးထုပ်၊ ကင်မရာ၊ အပူပိုင်းပုံရိပ်ဖော်ဒရုန်းနဲ့ ကျည်ဆံ ခဲယမ်းမီးကျောက်များလည်း သိမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကတာဝန်ရှိသူတွေပြောပါတယ်။ အရေအတွက်အတိအကျကိုတော့ထုတ်ဖေါ် ပြောကြာ...

တိုက်ပွဲသတင်း (လွှတ်ရှမ်း)

Image
အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းအချိန်က ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် တွင် နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းသည် လွှတ်ရှမ်းရွာ၏ အနောက်တောင်ဘက် မီတာ ၄၀၀၀ ခန့်အကွာတွင် အကြမ်းဖက် KNLA တမဟ(၆) အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ အရှေ့ဘက်သို့ ဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ - (၁) ပစ္စတို ၁ လက် (၂) ကျည်အိမ် ၃ ခု၊ ကျည် ၆၄ တောင့် (၃) လက်ပစ်ဗုံး ၂ လုံး (၄) ရှေ့ထွက်မိုင်း ၁ လုံး၊ ဝါယာကြိုး ၂၀ ကိုက် (၅) ကျည်ကာအင်္ကျီ ၂ ထည် တို့အား သိမ်းဆည်းရရှိခဲ့ပါတယ်။ တိုက်ပွဲသတင်းစုံ

တိုက်ပွဲသတင်း (တောင်ခမ်း)

Image
အောက်တိုဘာ ၂၉ ရက် နေ့က တောင်ခမ်းရွာအတွင်း နယ်မြေရှင်းလင်းစစ်ကြောင်းနှင့် အကြမ်းဖက် TNLA/PDF တို့ ထိတွေ့မှု ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်းသိရ။ ဖြစ်စဉ်တွင် မိမိဘက်ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ - (၁) TNLA အလောင်း ၁ လောင်း (၂) RPG လောင်ချာ ၁ လက် တို့အား သိမ်းဆည်းရရှိခဲ့ပါတယ်။ - (ပုံများ ထပ်မံဖော်ပြပေးပါမယ်) တိုက်ပွဲသတင်းစုံ

တိုက်ပွဲသတင်း (ဝိုင်းမော်)

Image
အောက်တိုဘာ ၂၉ ရက်နေ့ မနက်ပိုင်းက ဒေသခံများ၏ သတင်းပေးမှုအရ ဝိုင်းမော်မြို့၏ အရှေ့ဘက် မီတာ ၁၀၀၀၀ ခန့်အား နယ်မြေရှင်းလင်းစဉ် ထိတွေ့တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ - (၁) KIA အလောင်း ၁ လောင်း (၂) M-22 သေနတ် ၁ လက် (၃) ကျည်အိမ် ၄ ခု၊ ကျည် ၇၀ တောင့် (၄) လက်ပစ်ဗုံး ၂ လုံး တို့အား သိမ်းဆည်းရရှိခဲ့ပါတယ်။ - (ပုံများရရှိပါက ထပ်မံဖော်ပြပေးပါမယ်) တိုက်ပွဲသတင်းစုံ

နောင်ချို၊ ဂန့်ဂေါ်ရွာအနီးတွင် အလောင်း/လက်နက်များ ထပ်မံရရှိ

Image
အောက်တိုဘာ ၂၈ ရက် နေ့မှာ ဆုတ်ခွာထွက်ပြေးနေတဲ့ အကြမ်းဖက် TNLA များအား နယ်မြေရှင်းစစ်ကြောင်း များက လိုက်လံရှင်းလင်းစဉ် နောင်ချိုမြို့နယ်၊ ဂန့်ဂေါ်ရွာ၏ မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာတွင် ထိတွေ့မှု အနည်းငယ်ဖြစ်ပြီး ရန်သူ အနောက်မြောက်အရပ်သို့ ထွက်ပြေးသွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ - (၁) အကြမ်းဖက် TNLA အလောင်း ၄ လောင်း (၂) Type – 81/ M-22 သေနတ် ၂ လက် (၃) RPG ဒုံးသီး ၆ လုံး၊ ပို့ကျည် ၃ တောင့် (၄) လက်ပစ်ဗုံး ၂ လုံး၊ မိုင်းမျိုးစုံ ၉ လုံး (၅) အီနာဂါ ၆ လုံး၊ ကျည်အိမ်မျိုးစုံ ၁၈ ခု (၆) ကျည် ၁၀၀၀ ခန့် (၇) အိုင်ကွန် ၁ လုံး၊ မှန်ပြောင်း ၁ လက် (၈) ပြောက်ကျားယူနီဖောင်း ၉ စုံ၊ ကျည်ကာဦးထုပ် ၁ လုံး တို့အား သိမ်းဆည်းရရှိခဲ့ပါတယ်။ - နယ်မြေထပ်ရှင်းနေဆဲဖြစ်သဖြင့် အလောင်း/လက်နက် ရရှိပါက ထပ်မံဖော်ပြပေးပါမယ်။ တိုက်ပွဲသတင်းစုံ

တိုက်ပွဲသတင်း (မောင်တော)

Image
အောက်တိုဘာ ၂၈ ရက်နေ့ နေ့လည်ပိုင်း က မောင်တော နခခ(၅)ကို အကြမ်းဖက် AA အင်အား ၄၀ ဦးခန့်က အဝေးမှ လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်လို့ အမြောက်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရပြီး နယ်မြေအသေးစိတ်ရှင်း လင်းစဉ် မောင်တော်မြို့ လူ/ကယ်/ပြန်ရုံး ခြံစည်းရိုးအနီးမှ - (၁) အကြမ်းဖက် AA အလောင်း ၁ လောင်း (၂) စက်လတ် ၁ လက် (၃) ကျည် ၄၁ တောင့်ပါ ကျည်ခါးပတ်တွဲ ၁ ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။ - (ပုံများရရှိပါက ထပ်မံဖော်ပြပေးပါမယ်) တိုက်ပွဲသတင်းစုံ

တိုက်ပွဲသတင်း (မိုးမောက်)

Image
အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းမှာ မိုးမောက်မြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသော စစ်ကြောင်းသည် အကြမ်းဖက် KIA/PDF အင်အား ၃၆၀ ခန့် တပ်စွဲထားတဲ့ ပီမိုးညှင်းစာသင်ကျောင်းအား လေကြောင်းပစ်ကူယူ၍ တိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းအား သိမ်းပိုက်ရရှိခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ - (၁) အကြမ်းဖက် KIA/PDF အလောင်း ၃ လောင်း (၂) M-22 သေနတ် ၃ လက် (၃) ကျည်အိမ် ၆ ခု၊ ကျည် ၁၀၀ ခန့် (၄) လက်ပစ်ဗုံး ၇ လုံး တို့အား သိမ်းဆည်းရရှိခဲ့ပါတယ်။ - အကြမ်းဖက် KIA အနေနဲ့ စာသင်ကျောင်းကို စစ်စခန်းချတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုမြောက်ပြီး အဆိုပါ ဖြစ်စဉ်အား မှတ်တမ်းထား သိမ်းဆည်းထားပါမည်။ (ပုံများရရှိပါက ဖော်ပြပေးပါမည်) တိုက်ပွဲသတင်းစုံ